A bank eBanking System User Agreement
This user Agreement is a contract entered into by you and A bank eBanking System. This is meant for use of A bank eBanking System. As this agreement has impact on your rights, you are required to read it carefully. In the event of wishing to know the facts and how they work, A bank can be contacted for inquiries. Once the eBanking System Application of A bank is used, you agree of A bank eBanking Policy and its relevant documents made up of their references. This means you accept the fact that this User Agreement is an agreement made between you and A bank eBanking System according to the law. This agreement is also an agreement you legally signed.
The Legal Binding between you and A bank eBanking System
Registration for receiving services shall be deemed as your designation of A bank eBanking as your agent that will, on your behalf, provide as directed by you all kinds of services offered by eBanking System. A bank eBanking System is not but provision of bank service only.
1. Tasks to be performed by the user - You need to register with A bank eBanking System Account to obtain services. You can use this service to settle the payments, make book transfers and pay for services though Bank account. You shall accept that whatever process involving use of your password is use of this services. All losses and damages arising from processes involving use of your account and password are incumbent upon you.
2. Registration Information - Upon registration, you need to provide complete, true particulars and facts about the Electronic Devices you will use should there be points needing correction, you need to do the corrections immediately. You shall agree to the fact that you do not pretend to be another person by disguising or not use other people's names without seeking permission. If your particulars are found to be inexact, incomplete and untrue, A bank eBanking System services reserves the right to revoke your use of service immediately. Any costs or losses resulting from uncertain information either directly or indirectly have to be borne by you.
3.Service Charges - You are obliged to pay the agreed, prescribed rates for services offered by A bank eBanking System.
4.Prohibited Activities - You shall agree not to use your money obtained illegally through A bank eBanking Service. A bank Banking Service cannot be used for whatsoever illegal transactions. If there arise doubtful events which are indicating that you have made or are making illegal, fraudulent activities inclusive of violations of the terms and conditions of this agreement, use of service will be either suspended or revoked. You are obliged to fully co-operate with A bank eBanking System for investigation of skeptical cases.
5.Password - You shall not leak the password of your account or not use the password of other people. A bank eBanking System shall not be liable for losing arising from wrong use of passwords of the users.
6.Hacking - Should you interfere with, hack or destroy security and service via our Service other them manage your account for payments and receipts or should you attempt to do so, your account can be immediately terminated without any prior notice. Furthermore, your account can be blacklisted and have penalties imposed (inclusive of charges according to the Electronic Law). A bank eBanking System can, without seeking prior permission by you, cautiously reserve the right under this User Agreement to disclose your particulars to anybody who are related to your functions. You have no right to claim compensation for whatsoever damages from A bank eBanking System either for parts or whole damages resulting from the activities of A bank eBanking System.
7. Reservation of A bank's Rights - You shall agree not to transfer any rights or responsibilities involved in the agreement without written permission by A bank eBanking System. Nonetheless, A bank eBanking System reserves the right to transfer whatsoever rights or responsibilities involved in this agreement without seeking your permission.
8. Account Authorization - Upon registration of bank accounts on A bank eBanking, you shall agree that the registered accounts shall have permissions from the authorizers who have given the rights since applying these bank accounts. If there are any disputes which are concerned with the account authorities, you shall be responsible for any legal actions according to the existing laws of the Republic of the Union of Myanmar.
A bank eBanking System User Agreement
ဤ User Agreement သည် သင်နှင့် A bank eBanking System ကြားချုပ်ဆိုသော စာချုပ်ဖြစ်သည်။၎င်းမှာ A bank eBanking System ဝန်ဆောင်မှု အသုံးပြုခြင်းအတွက် ဖြစ်သည်။ ဤ သဘောတူညီမှုသည် သင်၏အခွင့်အရေး များကို အကျိုးသက်ရောက်မှု ရှိသဖြင့် သင်အနေဖြင့် ဂရုတစိုက်ဖတ်ရှု့ရန် လိုအပ်ပေသည်။ အချက်အလက်များနှင့် ၎င်းတို့၏ အလုပ်လုပ်ပုံတို့ကိုထပ်မံ သိရှိလိုပါက A bank သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ A bank ၏ eBanking System Application ကို အသုံးပြုလိုက်သည်နှင့် A bank eBanking Privacy Policy နှင့် အခြား ကိုးကားချက်များဖြင့် စုစည်းထားသောစာရွက်စာတမ်းများကိုသင်မှ သဘောတူသည်ဟုမှတ်ယူရမည်။ သင့်အနေနှင့် ဤ User Agreement သည် သင်နှင့် A bank eBanking System တို့အကြား ဥပဒေနှင့်အညီ စာချုပ် ချုပ်ဆိုထားကြောင်း လက်ခံလိုက်ခြင်းဖြစ်သည်။ ဤ Agreement သည် သင် တရားဝင်လက်မှတ်ရေးထိုးထားသော သဘောတူညီချက်လည်းဖြစ်သည်။
A bank eBanking System နှင့်သင့်အကြား ဥပဒေဆိုင်ရာ ဆက်နွယ်ပတ်သတ်မှု။
ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်ထားခြင်းသည် သင့်အနေဖြင့် A bank eBanking အား ဤ Agreement ကာလအတွင်း သင်၏ညွှန်းကြားချက်ဖြင့် eBanking System မှ ပြုလုပ်နိုင်သော ၀န်ဆောင်မှုအားလုံးကို သင်၏ ကိုယ်စားလှယ်အဖြစ်ဖြင့် ဆောင်ရွက်ရန် သင်မှ သတ်မှတ်ထားသည်ဟု ဆိုလိုပါသည်။ A bank eBanking System သည် ဘဏ်တစ်ခု မဟုတ်ပဲ ဘဏ်ဝန်ဆောင်မှုသာဖြစ်သည်။
1.အသုံးပြုသူ၏ လုပ်ငန်းစဉ်တာဝန်များ ဝန်ဆောင်မှုရရှိရန် သင်သည် A bank eBanking System Account တွင် မှတ်ပုံတင်ရမည်။သင်သည်ဝန်ဆောင်မှုကို BankAccountဖြင့် ငွေပေးချေခြင်း ၊ငွေစာရင်းပြောင်းခြင်း၊ ၀န်ဆောင်မှု အတွက်ငွေပေးချေခြင်းတို့ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ သင်၏ Password ဖြင့်သုံးသော မည်သည့် လုပ်ငန်းစဉ်မဆို ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြစ်ကြောင်း လက်ခံရမည်။ သင်၏ Account နှင့် password ကိုသုံးသော လုပ်ငန်းစဉ်များ အားလုံးတွင် ဖြစ်ပေါ်လာသော ပျက်ဆီးဆုံးရှုံးမှုများသည် သင်၌သာ တာဝန်ရှိပါသည်။
2. Registration Information သင်မှ ပြည့်စုံမှန်ကန်သော သင်၏အချက်အလက်များ၊ အသုံးပြုမည့် Electronic Devices ၏ အချက်အလက်များကို မှတ်ပုံတင်ရာတွင် ပေးရမည်ဖြစ်ပြီး ပြင်ဆင်စရာများရှိပါက ချက်ချင်းပြင်ဆင်ရပေမည်။ သင်အနေဖြင့် အခြားတစ်ယောက်ကဲ့သို့ အယောင်ဆောင်ခြင်း (သို့) ခွင့်ပြုချက်မရဘဲ အခြားအမည်အား အသုံးပြုခြင်းတို့ကို မပြုရန် သဘောတူရမည်ဖြစ်သည်။အကယ်၍ သင်ပေးသော သတင်းအချက်အလက်များထဲမှ မတိကျသော၊ မပြည့်စုံသော၊ မမှန်ကန်သော အချက်များတွေ့ရှိပါက A bank eBanking System အနေဖြင့် ဝန်ဆောင်မှုအသုံးပြုခြင်းအား ချက်ချင်းဖျက်သိမ်းနိုင်သော အခွင့်အာဏာရှိသည်။ မတိကျ၊မသေချာသော သတင်းအချက် အလက်များကြောင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဖြစ်ပေါ်လာသောရလဒ် ကုန်ကျစရိတ်များ (သို့) မည်သည့် ဆုံးရှုံးမှုများကိုမဆို သင့်ထံမှ ပြန်လည်ရယူနိုင်သည်။
3.ဝန်ဆောင်ခများ။ ဝန်ဆောင်မှုအတွက် A bank eBanking System ၏ ၀န်ဆောင်မှု များအတွက် ကျသင့်သော နှုန်းထားများ ကို အသုံးပြုသူမှ ဘဏ်မှ သတ်မှတ်ထားသော ကျသင့်မည့် ဝန်ဆောင်ခများကို တာဝန်ယူပေးဆောင်ရမည် ဖြစ်သည်။
4.တားမြစ်ထားသော လုပ်ငန်းစဉ်များ။ သင်သည် မည့်သည်တည်ဆဲဥပဒေ တစ်ရပ်ကိုဖောက်ဖျက်ကျုးလွန်သည့်ဆောင် ရွက်မှုများတွင်လုပ် ဆောင်မည်မဟုတ်ကြောင်းသိရှိသဘောတူညီပါသည်။A bank eBanking တွင် အသုံးပြုခြင်း မပြုရန် သဘောတူထားရမည်။ တရားဥပဒေနှင့် မညီညွှတ်သော လုပ်ဆောင်ချက်များအတွက် မည်သည့် ဝန်ဆောင်မှုမျိုး ကိုမဆို အသုံးပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤ agreement ထဲမှ စည်းကမ်းချက် များကို ချိုးဖောက်ခြင်းအပါအဝင် ဥပဒေနှင့် မညီညွတ်သော၊ လိမ်လည်လှည့်ဖျားမှုများ လုပ်ဆောင်နေသည်(သို့) လုပ်ဆောင်ခဲ့သည်ဟု သံသယဖြစ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာ ပါက ဝန်ဆောင်မှုကို အသုံးပြုခြင်းအား ခေတ္တရပ်စဲထားခြင်း (သို့)ဖျက်သိမ်းခြင်းများ ကိုAbank မှဆုံးဖြတ်နိုင်ပြီး သင်သည် A bank eBanking System နှင့်အတူ သံသယရှိသော ကိစ္စရပ်များ စုံစမ်းရာတွင် အပြည့်အဝ ပူးပေါင်းပါဝင်ရလိမ့်မည်။
5.Password သင်သည် သင်၏ Account password ကိုထုတ်ဖော်ပြောဆိုခြင်း သို့ အခြားသူ၏ password ကို အသုံးပြုခြင်းတို့ကို မပြုရပါ။ User များ၏ password များ မှားယွင်းကာ အသုံးပြုမှုများမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် A bank eBanking ဝန်ဆောင်မှုမှ တာဝန်ရှိမည် မဟုတ်ပေ။
6.Hacking အကယ်၍သင်သည် ငွေပေးချေခြင်းနှင့် ငွေလက်ခံခြင်း၊သင်၏ Account ကိုစီမံဆောင်ရွက်ခြင်းတို့အပြင် (ဝင်ရောက်စွက်ဖက်ခြင်း၊ hacking ပြုလုပ်ခြင်း သို့ လုံခြုံရေး နှင့် လုပ်ငန်းဝန်ဆောင်မှုများကို ဖျက်ဆီးခြင်း)တို့ အတွက် ကျွန်ုပ်တို့၏ service ကို အသုံးပြုလျှင် (သို့) အသုံးပြုရန် ကြိုးစားလျှင် သင်၏ Account မှာ ကြိုတင်အသိပေးခြင်းမရှိပဲ ချက်ချင်းပင် ရပ်ဆိုင်းခံရခြင်း ဖြစ်ပေါ်နိုင်သည်။ထို့ပြင် သင့် Account အား Black Lists အဖြစ် သတ်မှတ်ခြင်းနှင့် အခြားပြစ်ဒဏ်များ (Electronic ဥပဒေဆိုင်ရာ စွဲချက်တင်ခြင်း အပါအ၀င်) များ ကို ပြုလုပ်ခံရနိုင်သည်။ A bank eBanking System သည် သင်၏ ဦးစွာခွင့်ပြုချက်မရှိပဲ သင်၏ အချက်အလက်များကို သင်၏ လုပ်ငန်းဆောင်တာများနှင့် ဆက်စပ်နေသော မည်သည့်သူကိုမဆို ထုတ်ဖော်ပြောဆိုနိုင်သော အခွင့်အရေးကို ဤ User Agreement အောက်၌ သတိရှိစွာဖြင့် ချုပ်ကိုင်ထားသည်။သင်မှ A bank eBanking System ကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုများ ၏ အစိတ်အပိုင်း (သို့) အားလုံးအတွက် A bank eBanking System မှနစ်နာကြေး တောင်းပိုင်ခွင့်မရှိပေ။
7. A bankအခွင့်အာဏာသတ်မှတ်ခြင်း သင်အနေနှင့် ဤ agreement အောက်ရှိ မည်သည့် အခွင့်အရေး (သို့) တာဝန်များကို A bank eBanking System ၏ စာဖြင့်ရေးထားသော ခွင့်ပြုချက်မရှိပဲ ရွေ့ပြောင်းခြင်း မပြုရန် သဘောတူရပေမည်။ A bank eBanking System သည် ဤ agreement အောက်ရှိ မည်သည့် အခွင့်အရေး(သို့) တာဝန်များကို သင်၏ခွင့်ပြုချက်မရှိပဲ ရွှေ့ပြောင်းနိုင်သော အခွင့်အရေးရှိပါသည်။
8. ငွေစာရင်းစီမံခန့်ခွဲခွင့်ဆိုင်အခွင့်အာဏာ သင်သည် A bank eBanking လျှောက်ထားရာတွင်လျှောက်ထားသည့် ငွေစာရင်းစီမံခန့်ခွဲခွင့်ဆိုင်ရာအခွင့်အာဏာ အနေဖြင့်မူလစာရင်းလျှောက်ထားစဉ်က သတ်မှတ်ထားခဲ့သော အခွင့်အာဏာ သဘောတူညီချက်များအတိုင်းလျှောက်ထားရမည်ကိုသိရှိသဘောတူပြီး အဆိုပါ အခွင့်အာဏာနှင့် ဆန့်ကျင်နေသည့်အခြေ အနေ များပေါ်ပေါက်ခဲ့ပါကပျက်စီးဆုံးရှံးမှုများအတွက်သင်မှဉပဒေကြောင်းအရ တာဝန်ယူကျခံဖြေရှင်းပေးရမည်ကို သိရှိ သဘောတူပါသည်။